အုတ်တွင်း ဒီဇင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ကိုကိုကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇင်မာမြင့်က သင်တန်းမှ ပို့ချချက်များကို အခြေခံပြီး ကျေးလက်ဒေသတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသား (၁၅)ဦးအား ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ သင်တန်းကာလရက် (၂၀)ဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် အခမ်းအနားတက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက လက်သမား၊ ပန်းရန် အထောက်အကူပြုပစ္စည်းများကို သင်တန်းသားများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများရိုက်ကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)