(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်း ဆေးကုသခြင်း ဆောင်ရွက်

ကြို့ပင်ကောက် ဒီဇင်ဘာ ၁၁

ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ရွှေကြို့မြေ ဘိုးဘွားရိပ်သာတွင် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်း၍ အခမဲ့ဆေးကုသခြင်းကို တိုင်းရင်းဆေးပညာဦးစီးဌာန ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်နှင်းထိုက်တိုးက (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို အထိမ်းအမှတ်အနေဖြင့် အခမဲ့ကွင်းဆင်း ကုသရခြင်းဖြစ်ကြောင်း အဘိုးအဘွားများ၏ ကျန်းမာရေးလိုအပ်ချက်များကို ပွင့်လင်းစွာပြောကြား၍ ဆေးဝါးကုသမှု ခံယူစေလိုကြာင်း၊ တိုးတက်လာသော ခေတ်နှင့်အညီ မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း တိုးတက်လာပါကြောင်း မိမိတို့၏ ရောဂါများကို ယုံကြည်စိတ်ချစွာ ကုသစေလိုကြောင်းပြောကြားပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေးဖြင့် ဘိုးဘွားများ၏ ကျန်းမာရေးအာ် အခမဲ့ကုသပေးရာတွင် ဘိုးဘွားများ၌ အစာမ‌ကျေခြင်း၊ အရိုးအကြောအစစ်ရောဂါများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်တိုင်းရင်းဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုးက ပြောသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)