ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၀
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ကွင်းလျားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင်တွင် ယမန်နေ့ ၁၂ နာရီ ၂၀ မိနစ်အချိန်က ငဝန်မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်(၄)လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျသဖြင့် ဘုရားကုန်းကျေးရွာရှိ ဦးထွန်းထွန်းဝင်း၊ ဦးမြတ်မင်းကို၊ ဦးမင်းမင်း၊ ဦးမြတ်မိုး ပိုင်ဆိုင်သည့် လူနေအိမ်(၄)လုံး အားတာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့၍ စားဝတ်နေရေးအတွက် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ မြစ်ကမ်းပါးတိုက်စားမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)