မြန်အောင် ဒီဇင်ဘာ ၁၀
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၂၀၂၃ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မုံရွာကျောင်းတိုက် အုန်းပင်ဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကို မြို့နယ် သံဃနာယက ဥက္ကဋ္ဌဘဒ္ဒန္တဓမ္မောဒယနှင့်အဖွဲ့ဝင်ဆရာတော်များ၊ ဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်အောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေး ကြသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပပြုလုပ်ရာ ပထမနေ့တွင် အဘိဓမ္မာရိုးရိုး ပထမ အဆင့်ဖြေဆိုသူ (၁၉) ဦးရှိပြီး ၁၀-၁၂-၂၀၂၃ နေ့တွင် အဘိဓမ္မာရိုးရိုး ဒုတိယအဆင့် စာမေးပွဲ၊ ၁၁-၁၂-၂၀၂၃ နေ့တွင် အဘိဓမ္မာရိုးရိုး တတိယအဆင့် စာမေး ပွဲ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)