စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဒီဇင်ဘာအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၉

စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အတန်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယ)ပတ်အဖြစ် စစ်ကိုင်း ပညာရေးတက္ကသိုလ်မှာ စုပေါင်းလမ်း လျှောက် ဖခဲ့ကြပါတယ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တွေနဲ့ ဌာနဆိုင်ရာတွေ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်နဲ့ ဆရာ/ ဆရာမတွေ၊ ကျောင်းသား/ ကျောင်းသူတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ် ပြီးတော့စုပေါင်း ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့် ခန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပါတယ် လမ်းလျှောက်ပွဲအပြီးမှာတော့ အတန်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲအတွက် ဆုချီးမြှင့်ပေးအပ်ခဲ့ ပါတယ်” ဟု ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး က ပြောပြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ်မှ အတန်းပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် အဖွဲ့(၁)နှင့် အဖွဲ့(၃) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဖွဲ့(၃) ပိုက်ကျော် ခြင်းအသင်းက အနိုင်ရရှိခဲ့ပြီး ဆုရရှိခဲ့ကြသည့် အသင်းများအား တာဝန်ရှိသူ များက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်