ကြံခင်းမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းရွေးချယ် ကြကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင် မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး ဦးဆောင်မှုဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးမှုအား စစ်ဆေးရွေးချယ်ခဲ့ရာ Grade(9)တန်းမှ (၂၃)ဦး၊ Grade(10)တန်းမှ (၁၂)ဦးနှင့် Grade(11)တန်းမှ (၁၁)ဦးနှင့် Grade တန်းမှ (၇)ဦး စုစုပေါင်း(၅၃)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရာတွင် ဒီဇင်ဘာ(၅)ရက်နေ့က မြန်မာစာနှင့် အင်္ဂလိပ်စာ မေးခွန်းအားလည်းကောင်း၊ ဒီဇင်ဘာ (၆)ရက်နေ့က အထွေထွေဗဟုသုတ ဖြေဆိုခြင်းနှင့် လူတွေ့စစ်ဆေးခြင်းအားလည်းကောင်း၊ ဒီဇင်ဘာ(၈)ရက်နေ့တွင်  မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြံ့ခိုင်မှုစွမ်းရည် (၅)မျိုး စစ်ဆေးပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ရာ မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၈)ဦး ရွေးချယ်ခံရပြီး ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

 မြို့နယ်(ပြန်/ဆက်)