မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲက “အောင်နိုင်သူအလားတွေးခေါ်စဉ်းစား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။     

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးပိုင်ထူးက “လူသားရဲ့အောင်မြင်ရေး နည်းစနစ်” နှင့် “သင့်အနာဂတ်ကိုစီမံကိန်းချခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုင်းဝေယံထွန်းက “သိမြင်နားလည်နိုင်မှုရဲ့စွမ်းပကား” နှင့် “ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်နန်းခမ်းလွှမ်းက  “လူ့အမှုအရာရဲ့စံပုံစံတစ်ရပ်” နှင့် “သင်ကိုယ်တိုင်ခက်ခက်ခဲခဲ အလုပ်ကြိုးစားလုပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်သဲသဲက “လူသားရဲ့အောင်မြင်ရေးနည်းစနစ်” နှင့် “စိတ်ရဲ့အလုပ်လုပ်ပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း   ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များ မေးမြန်းကာ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)