နေပြည်တော် ဒီဇင်ဘာ ၉
နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။
အဆိုပါ စားသောက်ကုန်များ ရောင်းချရာတွင် ဒေသထွက် ကြက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် အခြေခံစားသောက်ကုန်များကို စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသဖြင့် ဝန်ထမ်းများ ဝယ်ယူမှုများပြားကြောင်း၊ ဆက်လက်၍ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)