ပုသိမ်ကြီးမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာရေးဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးသားသော တြိဂံတစ်ခု၏ ပုံရိပ်များမှ အနာဂတ်မြန်မာသို့ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာအေးက စာဖတ်ဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ စာအုပ်တွင် ပညာရေးနှင့် အခြားစာစုများ ပါဝင်ပြီး၊ ပညာရေးနှင့် မဝေးစေချင်၊ မိဘများ အမြင်ကျယ်ဖို့ လိုပါသည်၊ ပညာသင်ခြင်းနှင့် အသက်မွေးမှု၊ ပညာရေး တွေးစရာ၊ ပညာရေးနှင့် အခွင့်အလမ်း၊ ကလေးများအတွက် အခြေခံပညာရေး၊ အနာဂတ်မြန်မာသို့ အစဥ်အလာ ကောင်းများ၊ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင် စသည့် ခေါင်းစဥ်များဖြင့် ကျောင်းသား၊ ကျောင်းသူများ တစ်ဦးချင်း ဖတ်ကြား၍ စာအုပ်ပါ အကြောင်းအရာများကို စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထက ပုသိမ်ကြီးမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျေင်းသူများက စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်