လက်ပံတန်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု၊ ကျား/ မ ရေးရာအခြေပြု အကြမ်းဖက်မှု (Gender Base Violence) အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)လက်ပံတန်း န၀ဒေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာလက်ပံတန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးထွန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သီရိမွန်က ကျား/မဆိုင်ရာ(GENDER) အကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု၊ ကျား/ မရေးရာအခြေပြုအကြမ်းဖက်မှု (Gender Base Violence) အသိပညာပေးသင်ခန်းစာများနှင့် မြို့နယ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ရာ အ.ထ.က(၁)လက်ပံတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)