ဖျာပုံမြို့ အ.မ.က (၂၁)ကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသဆောင်ရွက်

ဖျာပုံ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာ၊ အ.မ.က(၂၁) ကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ အသိပညာ​ပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ် ဆောင်ရွက်သည်။

အဆိုပါ ကျောင်းတွင် နယ်လှည့်ဟောပြောပွဲပြုလုပ်ရာ၌ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပြီး၊ အကြီးတန်းစာရေး ဒေါ်ယုယုလှိုင်က လူငယ်နှင့်စာပေအကြောင်း အသိပညာပေး ဟောပြောကြသည်။ ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်အ​​ဖြစ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)