ရွှေဘိုမြို့၌ လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု စစ်ဆေးခြင်းများ ဆောင်ရွက်

​ရွှေဘို ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီချိန်က အမှတ်(၁) အခြေခံပညာအထက်တန်း​ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု ယှဉ်ပြိုင်နေမှုကို ခရိုင်/မြို့နယ်ပညာ​ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းတွင် အပြေး မီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေး မီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀(မ) စုစုပေါင်း (၅)မျိုး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ  အ.ထ.ကနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ Grade-9၊ Grade-10၊ Grade - 11 နှင့် Grade-12တို့မှ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၄၆)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။                                     

ခရိုင်ပြန်/ဆက်