ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်းတွင် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များပြသ

ငွေဆောင် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၂၀၁)၊ အခြေခံပညာမူလတန်းကျောင်း၊ အ..က(ငွေဆောင်)တွင် ယနေ့နံနက်( ၁၀း၀၀) နာရီက စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ် စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

 ရှေးဦးစွာ ကျောင်းသား/သူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် သုတ/ ရသ စာအုပ်/စာစောင်များ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/သူလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ထို့ နောက် ကျောင်းသား/သူများအနေဖြင့် ကလေးအလုပ်သမားများအကြောင်း သိရှိနားလည်ကြစေရန်၊ ကလေးအလုပ်သမားဘဝ မကျရောက်အောင် သတိပြုနိုင်ကြစေရန် ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်()ခုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမား ပပျောက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေ နံရံကပ်စာစောင် () ခု စသည့် နံရံကပ်စာစောင်()ခုအား ချိတ်ဆွဲပြသခဲ့ရာ ကျောင်းသား/သူလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

 ထို့အပြင် ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းနှင့် ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပက်သက်၍ ကျောင်းသား/သူလေးများ သိရှိလိုသော အကြောင်းအရာများ၊ သိထားသင့်သည့်အချက်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ငွေဆောင်