ဓနုဖြူမြို့တွင် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကျင်းပ

ဓနုဖြူ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၁၀၈)ခြေမြန်တပ်ရင်း တန်းစီကွင်းတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဒေသခံပြည်သူများအားဖျော်ဖြေပွဲကို ယမန်နေ့ည (၇) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါဖျော်ဖြေပွဲတွင် တေးသီချင်းများ၊ ယိမ်းအကအလှများ၊ တေးသရုပ်ဖော်အကများ၊ Dancer အကများ၊ တိုင်းရင်းသားရိုးရာအကများ၊ မျက်လှည့်ပြကွက်များဖြင့် ဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းမှ အရာရှိ/စစ်သည်များနှင့် မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)