စစ်ကိုင်းမြို့တွင် စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း ဒီဇင်ဘာ ၈

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/ မရှိ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ(၈)ရက်၊ နံနက် (၁၀)နာရီက ပါရမီရပ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူးက စိမ်းလန်းစိုပြည်သောကျောင်းဆု ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှိုက်ခွဲခြားစွန့်ပစ်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ ကျောင်းသား/ ကျောင်းသူလေးများက လက်တွေ့ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားရှိသည့် စိမ်းလန်းစိုပြည် ရေးအခြေအနေများ၊ ကျောင်းသား/ ကျောင်းသူလေးများ၏ လက်မှုပညာရပ်များ၊ သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ စာကြည့်တိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းမုန့်ဆိုင်ရောင်းချ နေမှု အခြေအနေများကို ကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)