သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး သာပေါင်းမြို့နယ် သံဃနာယက အဖွဲ့စုံညီအစည်းအဝေး ကျင်းပ

သာပေါင်း ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ဒီဇင်ဘာလ ၇ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၌ မြို့နယ် သံဃနာယကအဖွဲ့စုံညီ အစည်းအဝေးကျင်းပကြသည်။

သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချနိုင်ရေးမြို့နယ် သံဃနာယကအဖွဲ့စုံညီ အစည်းအဝေးအခမ်းအနားကို ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၏ ဦးစီးပဓါန၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တပညာဇောတနှင့် ကြွရောက်တော်မူလာကြကုန်သော မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော် သံဃာတော်ကြီးများမှ အခမ်းအနားကို “နမောတဿ” ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အစည်းအဝေးစုံညီကျင်းပပြုလုပ်ရခြင်း ကိစ္စရပ်များအား ရှင်းလင်းလျှောက်ထားတင်ပြရာ ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် သံဃာတော်ကြီးများက စုပေါင်းဆွေးနွေး ဆုံးဖြတ်ချက်များ အတည်ပြုချမှတ်ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)