ဖြူး ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှကြီးမှူးကျင်းပသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် ကျောင်းသား/ကျောင်းသူကလေးများက သီဆိုဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူက ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်အဆင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော
အ.ထ.က(၃) Grade-10 မှ မအေးကြည်ကြည်ခင်၊ ဒုတိယဆုရရှိသော အ.လ.က(ခွဲ)မြို့မ(၂) Grade-8 မှ မနန်းဆုမြတ်ရတီစိုး၊ တတိယဆုရရှိသော အ.ထ.က(၂) Grade-8 မှ မရွှန်းလဲ့ကြည်ဖြူမောင်တို့အား မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)