သာပေါင်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာ ပေါင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက်၊အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ (၁၃၈၅) ခုနှစ်၊တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်)ဒီဇင်ဘာလ ၇ ရက်နေ့၊နံနက် ၇ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း) ကျောင်းသား၊ကျောင်းသူများမှ “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသု ဓမ္မမင်းအောင်လှိုင်ထံမှ (၁ဝ၃) နှစ်မြောက်၊အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ဖတ်ကြားပြီး (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲဆုရကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်နုနုလှိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်ငြိမ်းငြိမ်းစိုးတို့မှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)မှ ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်း သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)