သဲကုန်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အင်ပင်လှတွင် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ ပညာတံခွန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားဟောင်းတစ်ဦးက "မြတ်ဆရာ" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆရာကြီး ဦးသန်းအောင် က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးတို့အား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးသန်းမြင့်နှင့် ဆရာမကြီး ဒေါ်တင်တင်ယုတို့မှ ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။
အဆိုပါ အကြိမ်(၂၀)မြောက် အာစရိယပူဇော်ကန်တော့ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းမိသားစုများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုံညီစွာ တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)