(၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့ ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ကျုံပျော် ဒီဇင်ဘာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြု‌သောအားဖြင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ ဦးဖိုးခလမ်း ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ်အလံအားဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပေးအပ်ခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ဝန်ကြီးချုပ်က ဖွင့်ပွဲသို့ လာရောက်ဖျော်ဖြေပေးကြသည့် အိုးစည်ဝိုင်း၊ ဆင်အကအဖွဲ့၊ ပန်းဖွားအကအဖွဲ့များထံသို့ ဆုတော်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဦးဖိုးခလမ်းသည် ယခင်က ကတ္တရာလမ်းဖြစ်ပြီး၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံ‌ငွေ အသုံးစရိတ် ကျပ် (၃၃.၉၁) သန်းဖြင့် အရှည် (၅၃၀)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၈)လက်မရှိ‌သော ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သောကြောင့် မြို့တွင်းရှိပြည်သူနှင့် ရပ်ကွက်နေ ပြည်သူများသွားလာမှု အဆင်ပြေ ချောမွေ့လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)