မြန်အောင် ဒီဇင်ဘာ ၈
၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြန်အောင်မြို့နယ် ဆောင်းရာသီ လွန်ဆေးဖလားအမျိုး သားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည်က မြန်အောင်မြို့ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
ဦးစွာ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆောင်းရာသီ လွန်ဆေးဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ်(၄)ရပ်ကွက် ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ အမှတ်(၅)ရပ်ကွက်ဘောလုံးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ပထမဆုဖလားအနိုင် ရရှိခဲ့သည်။ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဆုရရှိသော အမှတ်(၅)ရပ်ကွက် ဘောလုံးအသင်းအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ပထမဆုဖလားပေးအပ်ချိးမြှင့်ပြီး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်ကြီးအောင်စိုးက ပထမဆုရရှိသော ဘောလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဒုတိယဆုရရှိသော အမှတ်(၄)ရပ်ကွက်ဘောလုံးအသင်းအား အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့် အဖွဲ့ဝင်(၃)ဦး တင်မြိုင်တို့က တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ပြီး တတိယဆုရရှိသော တောင်ရိုးတိုက်နယ် ဘောလုံးအသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမင်းထွန်းနှင့် ခရိုင်ဥပဒေအရာရှိ ဦးထိန်လင်းဦးတို့က တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြန်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်(၃)ဦး တင်မောင်မြင့်တို့က အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းအားကစားသမားဆု၊ အလယ်တန်းအားကစားသမားဆု၊ ရှေ့တန်း အားကစားသမားဆုနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်မှ ပွဲစဥ်တစ်လျောက် အကောင်းဆုံး အားကစားသမားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)