ထန်ပါခွေမြို့၊ ပြန်/ဆက်ဦးစီးဌာနရုံး၌ (၁၀၃) နှစ်‌မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ထန်ပါခွေ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဒီဇင်ဘာလ (၇)ရက်၊ နံနက် (၁၀)နာရီအချိန်က (၁၀၃) နှစ်‌ေမြာက် အမျိုးသားနေ့အထိမ်းအမှတ်   စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဟန်မျိုးထွန်းက စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းကို ပြိုင်ပွဲဝင် ကျောင်းသား၊ ​ကျောင်းသူလေးများအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အမျိုးသားနေ့တို့မမေ့” ခေါင်းစဥ်ဖြင့် အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။

အလန် (ပြန်/ ဆက်)