ခန္တီးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ခန္တီး ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(ခန္တီး)၊ ကျန်စစ် သားခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ကျောင်းသား/သူ‌ လေးများက ဇာတိမာန် သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးငြိမ်းချမ်းဟိန်းစိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခဲ့သည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ သူလေးများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူလေးများက မြန်မာ့ကျောင်း သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူ လေးများ စုစုပေါင်း(၂၀၀)ဉီးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)