ပေါက်ခေါင်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ "မြို့မစာကြည့်တိုက်" ၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် အလှူရှင်ဂုဏ်ပြုပွဲ၊ စာအုပ်လှူဒါန်းပွဲ၊ မြန်မာစာပေထူးချွန်ဆု ပေးပွဲအခမ်းအနားကို ယမန်နေ့နေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့မစာကြည့်တိုက်ကော်မတီနာယက ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့မစာကြည့်တိုက်ကော်မတီဉက္ကဋ္ဌ ဦးသက်ဝေက စာကြည့်တိုက်၏တစ်နှစ်စာလုပ်ငန်းအခြေအနေများနှင့် ၂၀၂၃ ခုနှစ်အတွက် ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာအုပ်စာစာစောင်အလှူရှင်များနှင့် လစဉ်ကြေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စာပေထူးချွန်ဆုနှင့် ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက မြို့မစာကြည့်တိုက် ဆက်လက်ရှင်သန် တိုးတက်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)