ငရုတ်‌ကောင်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ငရုတ်ကောင်း ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက အ-ထ-က (ငရုတ်ကောင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားရေးစိတ်ဓါတ်အမွေကို ဆက်လက်ခံယူ၊ အမျိုးသားရေးတာဝန်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားနေ့ မမေ့အပ်ရာ၊ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ကဗျာများ၊ ဆောင်းပါး၊ နိုင်ငံတော်အကြီးအကဲများ၏ သဝဏ်လွှာများ၊ မိန့်ခွန်းများ၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ကဏ္ဍစုံစွာ ထည့်သွင်းဖေါ်ပြထားကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)