မအူပင် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဒေသခံပြည်သူများအားဖျော်ဖြေပွဲကို ဒီဇင်ဘာ (၆)ရက်နေ့ည (၇) နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါဖျော်ဖြေပွဲတွင် တေးသီချင်းများ၊ ယိမ်းအကအလှများ၊ တေးသရုပ်ဖော်အကများ၊ Dancer အကများ၊ တိုင်းရင်းသားရိုးရာအကများ၊ မျက်လှည့်ပြကွက်များဖြင့် ဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမှတ်(၂၇)ခြေလျင်တပ်ရင်းမှ စစ်သည်များနှင့် မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)