ပန်းတောင်း ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အ.ထ.က (ပန်းတောင်း) ကျောင်းသား/သူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်သူရက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/သူတို့အား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများချီးမြှင့်ခဲ့ပြီး အ.ထ.ထ(ပန်းတောင်း)ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်သူရနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)