မိုးညို ဒီဇင်ဘာ ၇
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(မိုးညို)မှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မိုးညိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းသိဒ္ဓိက ဖတ်ကြားခဲ့သည်။
ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ကိုမင်း(ပြန်/ဆက်)