မင်းလှ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း) သပြေခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က ဖတ်ကြားသည်။
ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့်(ထက်၊လယ်)အဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်း/သူမျာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ မြန်မာကျောင်းသီချင်းဖြင့် ကျောင်းသား/သူလေးများက သီဆိုဖျော်ဖြေပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)