ဘိုကလေးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဘိုကလေး ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၈)နာရီအချိန်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ကြပြီး အခမ်းအနားအား အ.ထ.က(၁) ဘိုကလေး ကျောင်းသား/သူများက ဇာတ်ိမာန်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက ဖတ်ကြားခြင်း၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား အ.ထ.က(၃) ဘိုကလေး ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းသီဆိုကာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)