အထက်မင်းလှ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၇) နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၊ မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ Grade-10ကျောင်းသား၊ ကျောင်းသူ များမှ“ဇာတိမာန်”သီချင်းဖြင့် သီဆို၍အခမ်းအနားဖွင့်လှစ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဖတ်ကြားခဲ့သည်။
ထို့နောက် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် Grade-10 ကျောင်းသား၊ ကျောင်းသူများမှ” မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)\