ကျိုက်မရောမြို့နယ်၌ (၁၀၃) နှစ်မြောက်အမျိုး သားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက်၈နာရီက အ.ထ.က ကျိုက်မရော   (ပညာအားမာန်) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က ကျိုက်မရောကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက” ဇာတိမာန်” တေးသီချင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး မှဖတ်ကြားခဲ့သည်။

ယင်းနောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ပန်းချီကဗျာ ပြိုင်ပွဲများ၌ ဆုရရှိသည့်  ကျောင်းသူကျောင်းသားများအား တာဝန်ရှိသူများကဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ယနေ့အခမ်းအနားသို့  ကျိုက်မရောမြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ စုစုပေါင်အင်အား (၁၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)