အိမ်မဲ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကျရောက် သော (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် ၈နာရီ ၃၀ မိနစ်က ကျင်းပသည်။
အခမ်းအနားကိုကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကဖတ်ကြား ပေးခဲ့သည်။
ဆက်လက်ပြီး (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ပန်းချီ (ထက်၊ လယ်၊ မူ) ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် စီမဲအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၁၅၀ ဦး ခန့်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသောဌာနဆိုင်ရာအကြီးများနှင့် ကျောင်းသား၊ ကျောင်းသူလေးများ အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သတင်းစကား လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ် အိမ်မဲ
(ပြန်/ဆက်)