ပေါက်ခေါင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်‌ပေးအပ်ပွဲကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပသည်။

ဦးစွာ ကျောင်းသား ကျောင်းသူလေးများက" ဇာတိမာန် "သီချင်းသီးဆို၍အခမ်းအနားဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌဦးဖြိုးသူမောင်ကဖတ်ကြားသည်။ထို့နောက် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးဆရာကြီးဦးအေးလှိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး‌ ကျောင်းသား‌ ကျောင်းသူလေးများက " မြန်မာ့ကျောင်း " သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)