ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍     နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့က တိုက်ကြီးကျေးရွာ အ-မ-ကမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်းအရာများ၊ စာဖတ်သည့် အလေ့အထရှိရေး အကြောင်းအရာများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအားစိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့်     ပြသထားသော နံရံကပ်စာစောင်များ အားကျောင်းသား၊   ကျောင်းသူ (၁၅၀) ဦးက စိတ်ပါဝင်စားစွာ   လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)