သရက်မြို့၌ အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

သရက် ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပခြင်းကို ယနေ့ နံနက် (၈)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားနေ့သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က ဖတ်ကြားပေးခဲ့သည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းဆင့်၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့်စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင်  ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)