စစ်ကိုင်း ဒီဇင်ဘာ ၇
စစ်ကိုင်းမြို့တွင် (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက ဖတ်ကြားပေးခဲ့သည်။
ဆက်လက်၍ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက “ မြန်မာ့ကျောင်း” သီချင့်ဖြင့် သီဆိုဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်