သာပေါင်း ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် လှေကြီးတတ်ကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ဆောင်းနေကြာ ရေဆင်း(၁)စပ်မျိုး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့နယ်၊ ကျေးရွာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၊ ဒေသနေပြည်တို့နှင့်အတူ လှေကြီးတတ်ကျေးရွာအုပ်စု၊ ဦးမြသင်းကုန်း ကျေးရွာရှိ တောင်သူဦးမြသင်း၊ ကွင်းအမှတ်(၇၁၂)၊ ဦးပိုင်အမှတ် (၄/၁)၊ ဧရိယာ(၁.၅၀)ဧက၌ ဆောင်းနေကြာ ရေဆင်း(၁)စပ်မျိုး မြေပြင်ထွန်ယက်စိုက်ပျိုးပေးခြင်း၊ ဧရိယာ(၁.၅၀)ဧက၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် မျိုးစေ့များ ပူးပေါင်းကြဲပတ်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း