သာပေါင်း ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ဌာနဆိုင်ရာများ အပတ်စဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ လုံခြုံရေးသတိရှိရန်၊ အထက်ဌာနများ၏ လမ်းညွှန်ချက်များအား ရှင်းလင်းခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ် အချိန်မီ စိုက်ပျိုးရေး၊ ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးရေး၊ (၈၆)ဘီလီယံ သွင်းအားစု ဝယ်၊ ကြိတ်၊ ပေးသွင်းရေး၊ (၁)ဘီလီယံချေးငွေရယူထားသည့် လုပ်ငန်းရှင်၊ တောင်သူများ အတိုးပေးသွင်းရေး၊ (၁၀၀)ဘီလီယံ သွင်းအားစု မြေပဲ/နှမ်း/နေကြာ ရယူရေး စည်းရုံးဆောင်ရွက်ရန်၊ နွေစပါးသွင်းအားစု ရယူတင်ပြရေး၊ ဗေဒါမြေဆွေးပြုလုပ်၍ သီးပင်စားပင်စိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်ရန်၊ ဒီဇင်ဘာလူထုအားကစားလ လမ်းလျှောက်ပွဲ၊ အားကစားပွဲများကျင်းပပြုလုပ်ရေးဆောင်ရွက်ရန်၊ တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေများ၊ စစ်ကြောင်းကြီး (၅)ကြောင်း ကွင်းဆင်းရာတွင် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း