ချောင်းသာမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

ချောင်းသာ   ဒီဇင်ဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မူလွန်(ဆိပ်ကြီး)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးဝင်းကျော်ကျော်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ အမျိုးသားရေးတာဝန်များ၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံနှင့်လူမျိုး၏ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ကြရန် စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထိုနောက် ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ရှိ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် အကြောင်းအရာများပါဝင်သည့် စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်( ပြန်/ဆက် )