ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် သီးနှံအာမခံ အစီအစဉ် စတင်ဆောင်ရွက်

ကျုံပျော်  ဒီဇင်ဘာ 

 စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံအစီအစဥ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ကျုံပျော်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲ၌ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြန်မာ့အာမခံလုပ်ငန်း တိုင်းတာဝန်ခံ ဒေါ်ခင်ထွေးမေနှင့် တိုင်းဒေသကြီးမန်နေဂျာ ဦးအေးသိန်းတို့က သီးနှံအာမခံအစီအစဥ် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျုံပျော်မြို့နယ် ငါးအိုက်ကွင်း ကျေးရွာအုပ်စုမှ တောင်သူ ၈၀ ဦးတို့က ၎င်းတို့၏ လယ်ဧက ၅၉၄ ဧကအတွက် သီးနှံအာမခံပရီမီယံကြေးများ စုပေါင်းပေးသွင်းခဲ့ကြသည်။

အဆိုပါ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံအစီအစဥ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စတင်ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း၊ ပဲမျိုးစုံနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများအတွက် လယ်ယာမြေတစ်ဧကလျှင် အာမခံ ပရီမီယံကြေး ၁၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ် မိုးရေချိန်ထက် ကျော်လွန်ရွာသွန်းပါက အာမခံလျော်ကြေးအဖြစ် လယ်ယာမြေတစ်ဧကတွင် အများဆုံးသီးနှံ အာမခံလျော်ကြေး ကျပ်တစ်သိန်းအထိ ခံစားခွင့်ရရှိနိုင်သည့် တောင်သူများကို အကာအကွယ်ပေးသည့် ကောင်းမွန်သော အစီအစဥ်တစ်ခုဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)