ကန်ကြီးထောင့် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့၌ ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်၌ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံနှင့် တရားရုံးရှေ့တွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အမျိုးသားနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း (၂၀.၁.၁၉၄၆) ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၇.၁၁.၂၀၂၂) ရက်နေ့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွာမှကောက်နုတ်ချက်၊ (၂၀၂၃)ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးစိတ် ဓာတ်အမွေကိုဆက်လက်ခံယူ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသာ ကျောင်းသားကြီး (၁၁) ဦးအမည်နှင့် ဘိုမျိုး (ရွှေဘို) ၏ အမျိုးသားနေ့ မမေ့အပ်ရာကဗျာများပါဝင်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)