မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁) ကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

မအူပင် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁) ကျောင်းတွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၃)နာရီ (၃၀)မိနစ် ကျောင်းဆင်ချိန်တွင် ဖြန့်ဝေပေးခဲ့သည်။

သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်အား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်‌ဝေပေးခြင်းဖြစ်ပြီး အမျိုးသားရေးနေ့ စိတ်ဓာတ်အမွေကို ဆက်လက်ခံယူဆောင်းပါး၊ အမျိုးသားရေးတာဝန်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားနေ့မမေ့ အပ်ရာကဗျာ၊ ၂၀၂၃ ခုနှစ်(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေး ရည်မှန်းချက်များ၊ အမျိုးသားရေးဆောင်ပုဒ်များ ပါဝင်ပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)