ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွှေသောင်ယံ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက ရွှေသောသ်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အ.ထ.က (ရွှေသောင်ယံ) စာသင်ကျောင်း၌ လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားရေးစိတ်ဓါတ်အမွေကို ဆက်လက်ခံယူ၊ အမျိုးသားရေးတာဝန်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး (၁၁) ဦး၊ အမျိုးသားနေ့မမေ့အပ်ရာ၊ ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်စသည်ဖြင့် ကဗျာ၊ဆောင်းပါး၊ နိုင်ငံတော်အကြီးအကဲများ၏ သဝဏ်လွှာများ၊ မိန့်ခွန်းများ၊ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ထည့်သွင်းဖေါ်ပြထားကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)