သဲကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးသင်တန်းဖွင့်လှစ်

သဲကုန်း ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု၊ ကျား/ မ ရေးရာအခြေပြု အကြမ်းဖက်မှု (Gender Base Violence) အသိပညာပေးသင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက   အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ အသိပညာပေးသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ပြည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးတို့က ကျား/မဆိုင်ရာ(GENDER) အကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု၊ ကျား/ မ ရေးရာအခြေပြု အကြမ်းဖက်မှု (Gender Base Violence) အသိပညာပေးသင်ခန်းစာများနှင့် မြို့နယ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း Projector ဖြင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့​ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)