ဒေးဒရဲ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေးနှင့် လေ့လာမှတ်သားနိုင်စေရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများအရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ဆိုသည့်ခေါင်းစဥ်နှင့် “အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ” ဆောင်းပါးပါကောက်နှုတ်ချက်၊ ၂၀၂၃-ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ၊ “အမျိုးသားရေးတာဝန်”ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၁၇-၁၁-၂၀၂၂) ရက်နေ့ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နှုတ်ချက်၊ “အေးအတူပူအမျှ” ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆) ရက်နေ့၊ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသောကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ ဘိုမျိုး (ရွှေဘို) ၏ “အမျိုးသားနေ့ မမေ့အပ်ရာ” ကဗျာ၊ “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့်ဆောင်ပုဒ်များစသည့် အသိပညာပေးအကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ကျောင်းသားလူငယ်၊ ပြည်သူများဖတ်ရှုနိုင်ရန်အတွက် အခမဲ့ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း