ငါးသိုင်းချောင်းငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ငါးသိုင်းချောင်း ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးမြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များမှ အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။ အဆိုပါ အသက်(၇၀)နှစ်အထက် အဘိုးအဘွားကျန်းမာရေး စောင့်ရှောက်မှု့ကို ငါးသိုင်းချောင်းမြို့တွင် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)