ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် (၄/ ၂၀၂၃) ဖွင့်လှစ်

ပန်းတနော်၊ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် (၄/၂၀၂၃) ကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်ဆုမွန်တျာလှိုင်က Microsoft word ၊ Excel၊ Power Point  စသည့်တို့ကို အခြေခံမှစ၍ စာတွေ့လက်တွေ့ (အခမဲ့)သင်ကြားပို့ချ‌ ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ပန်းတနော်မြို့နယ်အတွင်းရှိ ကွန်ပျူတာ၊ စာစီစာရိုက်စိတ်ပါဝင်စားသည့် လူငယ်လူရွယ် (၁၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၅ ရက်မှ ၃၁ ရက်နေ့အထိ အပတ်စဥ် တနင်္လါနေ့မှ သောကြာနေ့အထိ နံနက် ၁၁ နာရီမှ ၁နာရီအတွင်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)