စေတုတ္တရာမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ

စေတုတ္တရာ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူငယ်များဘက်စုံဖြိုးတိုးတက်စေရန်အတွက် ဗလငါးတန်ဖြင့် ပြည့်စုံသော အသိပညာအတတ်ပညာများ ဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို အခြေခံပညာအလယ်တန်းကျောင်း(အောက်ပုံ)ကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးစေရန်၊ အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသော လူစွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များဖြစ်လာစေရန်အတွက် ယခုလို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် “လူငယ်နှင့်အနာဂတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း “အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းအရာများ”အား ဟောပြောခဲ့ပြီးနောက် အခြေခံပညာဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူးဆရာဦးအောင်မြင့်ဌေးက “ပညာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ”ကိုဟောပြောပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်များ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများပါသော နံရံကပ်စာစောင်များ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ကလေးအလုပ်သမားပပျောက်ရေးအစရှိသည့် အသိပညာပေး နံရံကပ်စာစောင်များကို‌ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)