ခန္တီးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ခန္တီး ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Commnunity Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခန္တီးခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲများ ဆက်လက်ပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/သူလေးများ(၁၅)ဉီးစီ စုစုပေါင်း(၄၅)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခန္တီးခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်နှင့် သက်ဆိုင်ရာဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် ပြသထားသော နံရံကပ်စာစောင်အား ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီးနောက် ပြန်ကြားနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ထုတ်ဝေထားသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)